Tire Data
  • ကားနဲ့ပတ်သက်ပြီး ဆက်စပ်လုပ်ကိုင်နေရသူတိုင်း သိထားသင့်တဲ့ ကားတာယာရဲ့ဘေးသားမှာ ရေးသားထားတဲ့အညွှန်းစာတွေရဲ့ အဓိပ္ပာယ်ကိုပြောပြပေးသွားပါမယ်

ဥပမာ....သင့်ကားတာယာရဲ့ ဘေးသားမှာရေးထားတာက 195/ 55R 16 87V ဖြစ်တယ် ဆိုပါစို့

  • ရှေ့ဆုံးက 195ဆိုတာကတော့ တာယာရဲ့ပန်းသားမျက်နှာပြင်အကျယ်ကို မီလီမီတာ(mm)နဲ့ တိုင်းတာထားတဲ့ အကျယ်အဝန်းကို ရည်ညွှန်းပါတယ်
  • 55ဆိုတာကတော့ လေဖြည့်ထားချိန်မှာရှိနေတဲ့ တာယာဘေးသားအမြင့်ကို မီလီမီတာ(mm)နဲ့ တိုင်းတာထားတဲ့ အကျယ်အဝန်းပါ
  • (ဒီနေရာမှာတချို့က လေမထိုးထားရသေးတဲ့ တာယာရဲ့အမြင့်နဲ့ အမှတ်မှားတတ်ကြပါတယ်)
  • Rဆိုတာကတော့ တာယာဖွဲ့စည်းပုံနည်းပညာရဲ့ အတိုကောက် ဖြစ်ပါတယ်

(ဥပမာ...R-Radialနည်းပညာ နဲ့ထုတ်လုပ်ထားတဲ့တာယာကို ဆိုလိုပါတယ်)

  • 16ဆိုတာကတော့ ကားတာယာဂွေရဲ့အချင်းကို လက်မ(inches)နဲ့ တိုင်းတာထားတဲ့ အကျယ်အဝန်းကို ရည်ညွှန်းပါတယ်
  • 87ဆိုတာကတော့ တာယာရဲ့ခံနိုင်ဝန်အားကိုKg(Kilogram)နဲ့​ တိုင်းတာထားတဲ့ အလေးချိန်ပမာဏပါ
  • အနောက်ဆုံးက Vဆိုတာကတော့ တာယာရဲ့အမြန်ဆုံး မောင်းနှင်းနိုင်တဲ့ အမြန်နှုန်းအမှတ်အသားဖြစ်ပါတယ်

(ဥပမာ...

L= တစ်နာရီ 75မိုင်

M=တစ်နာရီ 81မိုင်

N=တစ်နာရီ 87မိုင်

P=တစ်နာရီ 95မိုင်

Q=တစ်နာရီ 100မိုင်

R=တစ်နာရီ 105မိုင်...အစရှိသဖြင့်)

  • ဒီလောက်ဆိုရင် ကားတာယာရဲ့ဘေးသားပါ်ကစာတွေရဲ့ ရည်ညွှန်းချက်တွေကို နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်

``ချစ်ခင်လေးစားရပါသော Customerများအားလုံး ယာဥ်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း´´ SAILUN Tire Myanmarမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ။

Image removed.