Long Trip Preparation Checklist

-မိသားစုလိုက် ကားလေးနဲ့ခရီးသွားဖို့ စဥ်းစားနေသူများအတွက် ခရီးမသွားခင်သင့်ရဲ့ကားမှာ စစ်ဆေးထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားချင်ပါတယ်

1-->ကားတာယာများ

•ပထမဆုံးအနေနဲ့ ကားတစ်စီးမှာ အရေးပါဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ကားတာယာကို စစ်ဆေးတဲ့အခါ အောက်ပါအချက်သုံးချက်ကို စစ်ဆေးပါ

(𝟏)တာယာအသွင်အပြင်

တာယာရဲ့ပတ်ပတ်လည်မှာ ဆွေးမြေ့ခြင်း၊ကွဲအက်ခြင်း ရှိမရှိစစ်ဆေးပါ

(𝟐)တာယာပန်းသား

တာယာရဲ့ ပန်းသားအထူသည် အနည်းဆုံး 𝟏.𝟔𝐦𝐦 ခန့်ကျန်ရှိဖို့လိုပါတယ်

(𝟑)တာယာလေပေါင်

သင့်ကားတာယာ၊ တင်ဆောင်မယ့်အလေးချိန်အပေါ်မှုတည်ပြီး သတ်မှတ်လေပေါင်အပြည့် ချိန်ထားသင့်ပါတယ်

2-->ကားမှန်များနှင့် (𝐖𝐢𝐩𝐞𝐫𝐬)ဝိုက်ပါများ

•ကားရှေ့မြင်ကွင်းနှင့် ဘေးဘက်မြင်ကွင်းများ ရှင်းလင်းနေစေရန် ကားရှေ့မှန်၊ဘေးဘက်မှန်များအပြင် ကားအတွင်းနောက်ကြည့်မှန်နှင့် ဘေးဘယ်ညာရှိ နောက်ကြည့်မှန်များကိုပါ သေချာစွာသန့်ရှင်းထားသင့်ပါတယ်

•နောက်ပြီး ဝိုက်ပါအတွင်းဆေးရည်ရှိမရှိနဲ့ ကောင်းစွာအလုပ်လုပ်နိုင်ခြင်း ရှိမရှိတို့ကို စစ်ဆေးထားသင့်ပါတယ်

3-->ကားအင်ဂျင်ဝိုင်

•မော်ဒယ်မြင့်ကားများမှာ အင်ဂျင်ဝိုင်လက်ကျန်ကို ဖော်ပြပေးမယ့်စနစ်တွေပါဝင်ပေမယ့် ခရီးရှည်သွားတော့မယ်ဆိုရင် သင်ကိုယ်တိုင်စစ်ဆေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်

•အင်ဂျင်ဝိုင်လက်ကျန်သည် ဆီထောက်တံရဲ့ အနိမ့်ဆုံးနဲ့အမြင့်ဆုံးအမှတ်အသားတွေရဲ့ကြားမှာ ရှိနေသင့်ပါတယ်

4-->𝐄𝐧𝐠𝐢𝐧𝐞 𝐂𝐨𝐨𝐥𝐚𝐧𝐭

•သင့်ကားမှာ နောက်ထပ်စစ်ဆေးသင့်တဲ့ အရည်တစ်မျိုးကတော့ 𝐄𝐧𝐠𝐢𝐧𝐞 𝐂𝐨𝐨𝐥𝐚𝐧𝐭 ပဲဖြစ်ပြီး သင့်တော်တဲ့ ပမာဏရှိမရှိစစ်ဆေးပြီး လိုအပ်ပါက ထပ်ဖြည့်ခြင်းများ လုပ်ဆောင်ပါ

5-->ကားမီးများ

•ခရီးရှည်မထွက်ခင်မှာ သင့်ကားရဲ့ ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီးအပါအဝင် ဒိုင်ခွက်မီးများပါမကျန် ကောင်းစွာအလုပ်လုပ်ခြင်း ရှိမရှိသေချာစွာ စစ်ဆေးပါ

6-->ကားဘရိတ်

သင့်ကားဘရိတ် အခြေအနေကို စစ်ဆေးဖို့အကောင်းဆုံးနည်းလမ်းကတော့ ခဏတာကားမောင်းကြည့်၊ဘရိတ်နင်းကြည့်ကာ ဘရိတ်ကောင်းစွာလုပ်မလုပ် စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်

7-->ကားအတွင်းခန်း သန့်ရှင်းရေး

•ခရီးဝေးမထွက်ခင်မှာ ကားအတွင်းခန်းကို သေချာစွာ သန့်ရှင်းထားခြင်းသည် လိုက်ပါစီးနင်းသူအားလုံးကို စိတ်ရောကိုယ်ပါ သက်သောင့်သက်သာရှိစေပါတယ်

8-->လောင်စာဆီ

•ခရီးဝေးသွားမယ့် သင့်ကားအတွက် နောက်ဆုံးအချက်နဲ့ အရေးကြီးဆုံးအချက်ကတော့ သင့်ကားမှာ ဆီအပြည့်ရှိနေဖို့ပဲ ဖြစ်ပါတယ်

•ဆီဆိုင်မှာတန်းစီနေရလို့ ခရီးနောက်ကျခြင်း၊ ဆီပြတ်သွားလို့ လမ်းပေါ်မှာအချိန်ကုန်ရခြင်းများ မဖြစ်စေရန် ခရီးမထွက်ခင်တစ်ရက်အလိုမှာ သင့်ကားလောင်စာဆီကို အပြည့်ဖြည့်ထားသင့်ပါတယ်