Sinking Car

အခုလိုမိုးသည်းထန်စွာ ရွာသွန်းနေချိန်မှာ ရေနစ်မြုပ်နေတဲ့လမ်းတွေပေါ် ကားနဲ့မဖြစ်မနေမောင်းနှင်သွားလာနေရသူတိုင်း သိထားသင့်တဲ့ ``ကားရေနစ်မြုပ်တဲ့အခါ ပြုလုပ်သင့်တဲ့အချက် (5)ချက် ´´ကို ပြောပြပေးသွားပါ့မယ်

.................................................................................

  • ကားစက်မနှိုးပါနဲ့
  • •အကယ်၍သင့်ရဲ့ကားဟာ ....

ရေအရမ်းများနေတဲ့နေရာမှာ ရောက်နေတဲ့အခါ

 (ဒါမှမဟုတ်)

ရေမြုပ်နေတဲ့လမ်းပေါ်မှာ မောင်းနှင်နေစဥ် ကားရပ်သွားတဲ့အခါ ကားစက်နှိုးတာမျိုး ရှောင်ကျဥ်ပါ

  • ဒီလိုအခြေအနေမျိုးမှာ ကားစက်နှိုးလိုက်မယ်ဆိုရင် ``Hydro Lock´´ဖြစ်ပြီး ရေတွေကြောင့် သင့်ကားအင်ဂျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်
  • ကားထဲမှာမနေပါနဲ့
  • အကယ်၍ သင့်ကားကရေမြုပ်လာနေခဲ့ရင် ရေစိုမခံတဲ့ပစ္စည်းတွေနဲ့ တခြားသောအရေးကြီးပစ္စည်းတွေယူကာ ကားထဲမှထွက်ပြီး ဘေးလွတ်ရာသို့သွားပါ
  • အာမခံကုမ္မဏီကို ဆက်သွယ်အကြောင်းကြားပါ
  • အကယ်၍ သင့်ကားကို အာမခံထား ထားခဲ့တယ်ဆိုရင်တော့ အာမခံကုမ္မဏီကို ဆက်သွယ်ပြီး လက်ရှိအခြေအနေနဲ့ ထိခိုက်ပျက်စီးနိုင်မှုတွေကို အသေးစိတ် အကြောင်းကြားထားပါ
  • သင့်ကားကို ဘေးလွတ်ရာသို့ဆွဲယူပါ
  • အထက်ပါအဆင့်တွေပြီးပြီဆိုရင်တော့ သင့်ကားကို ဘေးလွတ်ရာသို့ နည်းလမ်းတစ်ခုခုဖြင့်ဆွဲယူပြီး ဘေးလွတ်ရာသို့ ရောက်တဲ့အခါ ထိခိုက်ပျက်စီးမှုတွေကို ကျွမ်းကျင်ပညာရှင်များနဲ့ အသေးစိတ်စစ်ဆေးပါ
  • လျော်​ကြေးတောင်းဆိုမှု/ ပြုပြင်မှုများ လုပ်ဆောင်ပါ
  • နောက်ဆုံးအနေနဲ့ သင့်ကားမှာ အာမခံထားခဲ့တယ်ဆိုရင် သက်ဆိုင်ရာအာမခံကုမ္မဏီနဲ့တိုင်ပင်ပြီး ပြုပြင်မှုများ လုပ်ဆောင်ပါ
  • အာမခံမရှိခဲ့ပါက ကျွမ်းကျင်ကားပြင်ဆရာများနဲ့ စနစ်တကျပြုပြင်ခြင်းများ လုပ်ဆောင်ပါ
Image removed.